top of page

Gout (ဂေါက်ရောဂါ) အကြောင်း

ဂေါက်ရောဂါဆိုတာ အဆစ်ယောင်ရောဂါတစ်မျိုးဖြစ်ပါတယ်။ သွေးထဲမှာရှိတဲ့ Uric Acid ဟာ ပုံမှန်ရှိသင့်တာထက် ပိုများလာတာကြောင့် ဂေါက်ရောဂါ ဖြစ်ရခြင်းဖြစ်ပါတယ် ။.





Uric Acid

Uric Acid ဆိုတာအစားအစာအတော်များများတွေ့ရတဲ့ ပရိုတင်းဓာတ်တစ်မျိုးဖြစ်တဲ့ Purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ By-Product တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က Purine ကို ခြေဖျက်ရာကနေ Uric Acid ဆိုတဲ့ ဘေးထွက် ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။ အဲ့လို ထွက်လာတဲ့ Uric Acid ဓာတ်တွေ များလာတဲ့အခါမှာ Urate Crystals လို့ခေါ်တဲ့ ဖန်စပုံသဏ္ဌာန် အချောင်းလေးတွေဟာ အရိုးအဆစ်အမြစ်နေရာတွေမှာ စုပုံလာပါတော့တယ်။ အဲ့ဒီကနေ အဆစ်အမြစ်တွေ နာကျင်လာပြီး ဂေါက်ရောဂါ စတော့တာပါပဲ။


အစားအသောက်

Uric Acid လွန်ကဲလာတာကို လေ့လာကြည့်တဲ့အခါ မှာ ၃ ပုံ ၁ ပုံက စားသုံးတဲ့ အစားအစာတွေကြောင့်လို့ သိရပါတယ်။ Purine ဓာတ် ပါဝင်မှုများပြားတဲ့ အစားအစာတွေက ဘာတွေလဲဆိုရင် ကြက်အသည်း အမြစ် နဲ့ ဆိတ်/ဝက်ကလီစာ၊ အနီရောင်ရှိသော အသား၊ အရက်၊ ဘီယာ၊ အချိုရည်န နဲ့ လက်လုပ်ချဉ်တွေပါ။ ၎င်းတို့ကို အလွန်အမင်း စားသုံးသောက်စားခြင်းကြောင့် ဂေါက်ရောဂါဖြစ်စေနိုင်ပါတယ်။ ‌ ‌



‌အထူးသဖြင့် ခြေမနေရာတွင်အဖြစ်အများဆုံးဖြစ်သည်။ ဒူးခေါင်း၊ ခြေချင်းဝတ်၊ တံတောင်ဆစ်၊လက်ကောင်ဝတ်နှင့်လက်ချောင်း တို့မှာဖြစ်တတ်ပါတယ်။ ဂေါက်ရောဂါ ဟာ အရွယ်ရောက်ပြီး အမျိုးသားများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါတယ်။ Uric Acid ဟာ များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် မိမိကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်ကျောက်ကပ်မှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။


ရောဂါလက္ခဏာများ

အလွယ်တကူ သိရှိနိုင်တဲ့ ဂေါက်ရောဂါရဲ့ လက္ခဏာတွေကတော့ ဖြစ်တဲ့ အဆစ်နေရာမှာအလွန်အမင်း

  • နာကျင်ကိုက်ခဲခြင်း"

  • နီရဲပြီးယောင်လာခြင်း

  • သွားလာလှုပ်ရှားရန်ခက်ခြင်းတို့ ခံစားရနိုင်ပါတယ်။

ဂေါက်ရောဂါ ပိုခံစားစေနိုင်သောအကြောင်းအရင်းတွေကတော့

  • Purine ဓာတ်များစွာပါဝင်သောအစားအစာများကိုစားသုံးခြင်း

  • အဝလွန်ခြင်း

  • နာတာရှည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါသည်များ၊ ကျောက်ကပ်ရောဂါသည်များ

  • အချို့သောဆီးဆေးများ (Thiazide ပါဝင်သောဆီးဆေး) နဲ့

  • မိသားစုထဲတွင်ဂေါက်ရောဂါရာဇဝင်ရှိသူများ


ကာကွယ်ရန်နည်းလမ်းများ

  • ရေများများသောက်ပါ

  • အရက်/ဘီယာ အလွန်အကျွံသောက်ခြင်းကိုရှောင်ရှားပါ

  • အဆီနည်းသော နို့နှင်နို့ထွက်ပစ္စည်းများကိုစားသုံးပါ

  • ကိုယ်ခန္ဓာအလေးချိန်ထိန်းပါ


 
 
 

Comments


ADDRESS | လိပ်စာ

Miba Goanyi Hospital

65th Street x 109th Street

Chanmyathazi Township, Mandalay

မိဘဂုဏ်ရည် ဆေးရုံ

၆၅ လမ်း နှင့် ၁၀၉ လမ်း ထောင့်

ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့

CONTACTS | ဆက်သွယ်ရန်

SUBSCRIBE OUR MAILING LIST

Thanks for submitting!

© 2022 BY MIBA GOANYI HOSPITAL MANDALAY

bottom of page